Web ပေါ်သို့ ပထမခြေလှမ်း

Web Design ကိုစတင်လေ့လာခြင်း




web design ပိုင်းကို စတင်လေ့လာမယ်ဆိုရင် တော့ဖြင့် photoshop ကိုလေ့လာထားသင့်ပါတယ် ၊ html နဲ့ css ကတော့ မသိမဖြစ်နေရာကပါဝင်ပါတယ်။ နောက်ပြီး ယခုနောက်ပိုင်းခေတ်စားလာတဲ့ responsive design ပိုင်းကိုလဲသိထားဖို့လိုအပ်ပါတယ် ၊ အဲဒီအတွက်ကတော့ မြန်မာနိုင်ငံမှာ bootstrap ကိုအသုံးများပါတယ်။ လေ့လာသင့်တဲ့ framework တစ်ခုလည်းဖြစ်ပါတယ်။ slider လေးတွေကိုထိန်းဖို့ ၊ web design function လေးတွေကစားဖို့ script ကိုအနည်းငယ်သိထားဖို့လိုအပ်ပါတယ်။ ကိုယ်ပိုင် facebook page တွေနဲ့ချိတ်မယ် ၊ google map မှာ location ချမယ် ဆိုရင်တော့ သက်ဆိုင်ရာ page တွေရဲ့ developer function အကြောင်းကိုလေ့လာထားသင့်ပါတယ်။ free ရတဲ့ vector လေးတွေ၊ template လေးတွေကိုလဲ စုဆောင်းထားဖို့တော့လိုပါတယ်။ စုတဲ့အကျင့်လုပ်ဖို့လဲတိုက်တွန်းပါတယ်။ web design ကို ဝါသနာပါရင်တော့ မိမိရဲ့ အမြင် အိုင်ဒီယာ တွေကို user များအတွက် အကောင်းဆုံးချပြ ခွင့်ရမယ်လို့မြော်လင့်ပါတယ်။